လက်ရှိအချိန်အထိ ရက်ချိန်းရယူနိုင်သောရက်
အများပြည်သူထံသို့ အသိပေးပန်ကြားချက်
၁။ | အရေးကြီး/ အရေးပေါ်၊ ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်များဖြင့် ပြည်ပသို့ အချိန်မီ သွားရောက်ရန် လိုအပ်သူများအတွက် အထောက်အထားခိုင်လုံစွာဖြင့် နိုင်ငံကူးလက်မှတ် အမြန်ထုတ်ယူရရှိရန် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ |
၂။ | ၎င်းအပြင် MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများအနေဖြင့် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြင့် တင်ပြလာမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့်အထက် တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးသို့ စာဖြင့်ကြိုတင်လျှောက်ထားပြီးပါက Green Channel အဖြစ် စိစစ်လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။။ |
၃။ | သို့ဖြစ်ပါ၍ Green Channel ဖြင့် လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ လိပ်စာသို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်- |
(က) လိပ်စာ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၊ | |
(ခ) တယ်လီဖုန်းအမှတ် 0673411580 / 09882156633 |
Online Booking ပြုလုပ်ခြင်းလမ်းညွှန်
၁။ | ပုံမှန်ရက်ချိန်းရယူသူများမှ Online Appointment ပြုလုပ်ခြင်းခလုတ် (သို့မဟုတ်) အရေးကြီး/ အရေးပေါ်ကိစ္စရပ်များအတွက် ဝန်ကြီးဌာနထောက်ခံစာဖြင့် လျှောက်ထားသူများမှ Green Channel ဖြင့် လျှောက်ထားခြင်း (ဝန်ကြီးဌာနများမှတဆင့် လျှောက်ထားသူများသာ) ခလုတ်ကို နှိပ်၍ စနစ်အတွင်း ဝင်ရောက်ပါ။ |
၂။ | မိမိနှင့်အတူ နိုင်ငံကူးလက်မှတ် ပူးတွဲလျှောက်ထားလိုသည့် လူဦးရေကို ရွေးချယ်ပါ။ လျှောက်ထားသူအားလုံးအတွက် ငွေလက်ခံနှင့် ရက်ချိန်းအတည်ပြုချက် လက်ခံရယူမည့် Email အား ဖြည့်သွင်း၍ Continue ခလုတ်ကို နှိပ်ပါ။ |
၃။ | ကိုယ်ရေးအချက်အလက်(၁)ရှိ အချက်အလက်များအားလုံးကို ဖြည့်သွင်းပါ။ ကိုယ်ရေး အချက်အလက်(၂)နှင့် မိသားစုဝင်နှင့် ညီအစ်ကိုမောင်နှများ၏ အချက်အလက်များကိုလည်း Online မှ တစ်ပါတည်းဖြည့်သွင်း လျှောက်ထားနိုင်သကဲ့သို့ အခက်အခဲရှိပါက ယင်း အချက်အလက်များကို နိုင်ငံကူးလက်မှတ်လျှောက်လွှာဖောင်တွင် လက်ရေးဖြင့် ရေးဖြည့်၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ တင်ပြလျှောက်ထားနိုင်ပါသည်။ |
၄။ | တစ်ဦးထက်ပိုသော လျှောက်ထားသူများမှ လျှောက်ထားသူတစ်ဦးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးလျှင် အချက်အလက်ဖြည့်စွက်ပြီးသည့် လျှောက်ထားသူအား စာရင်းသွင်းရန် Add to List ခလုတ်ကို နှိပ်ပါ။ ထို့နောက် အခြားလျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်ဖြည့်သွင်းပါ။ |
၅။ | လျှောက်ထားသူအားလုံးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးမှသာ မျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ Review and Submit ခလုတ်ကိုနှိပ်ပါ။ တစ်ဦးချင်းစီစစ်ဆေးပြီး မှန်ကန်လျှင် 'အချက်အလက်များစစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်' စာသားရှေ့တွင် အမှန် ခြစ်ပါ။ ကွဲလွဲချက်ရှိနေပါက Edit ခလုတ်ကို နှိပ်၍ ကွဲလွဲသည့်အချက်အလက်ကို ပြင်ဆင်ပါ။ အားလုံးမှန်ကန်ပါက Submit Form ကို နှိပ်ပါ။ |
၆။ | ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီးပါက ငွေပေးသွင်းရပါမည်။ ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ပါသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ရပါမည်။ ပေးချေရာတွင် လျှောက်ထားသူတစ်ဦးချင်းစီ၏ Invoice No. ကို ရွေးချယ်၍ ငွေပေးချေမည့်စနစ်ကို ရွေးချယ်ပေးချေနိုင်ပါသည်။ လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၄၀၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးအတွက် ၉၆၀၀၀ ကျပ်တို့ ပေးသွင်း ရပါမည်။ သက်တမ်းတိုး လျှောက်ထားသူများအနေဖြင့် မိမိလက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် စာအုပ်သည် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေပါက ဌာနမှ ပျက်စီးစာအုပ်အဖြစ် သတ်မှတ်မည်ဖြစ်သည့်အတွက် ၉၆၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းထားရန်လိုအပ်ပြီး ၄၀၀၀၀ ကျပ် နှုန်းဖြင့်သာ ပေးသွင်းထားပါက ရုံးတွင်းရောက်ချိန် ကျန်ဒဏ်ကြေးငွေ ၅၆၀၀၀ ကျပ်ကို ထပ်မံပေးသွင်းရန် အခက်အခဲ ကြုံတွေ့နိုင်ပါသည်။ |
၇။ | ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား စနစ်မှအလိုအလျောက် သတ်မှတ်ပေးပါမည်။ Green Channel ဖြင့် လျှောက်ထားသူများအတွက်ကိုမူ စနစ်မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား ထုတ်ပေးမည်မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရုံးသို့လာရောက်ရမည့်ရက်ကို သတ်မှတ်ပေးမည်ဖြစ်သည်။ |
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ကုန်ကျမည့်ငွေစာရင်း
အသစ်လျှောက်ထားရန်
၄၀,၀၀၀ ကျပ်
- အသစ်လျှောက်
- သက်တမ်းတိုး
ပျောက်ဆုံး/ပျက်စီးလျှောက်ထားရန်
၉၆,၀၀၀ကျပ်
- ပြည်တွင်းပျောက်
- သက်တမ်းကျန်
- ရေစို
- စွန်းထင်း/စုတ်ပြဲ/ရေးခြစ်မှုများ
ပြည်ပပျောက်ဆုံးကုန်ကျငွေ
အမေရိကန်ဒေါ်လာ ၁၄၀ဒေါ်လာနှင့် ညီမျှသောမြန်မာကျပ်ငွေ
- ပြည်ပတွင်စာအုပ်ပျောက်ဆုံးခြင်း
မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားများ
- အလည်အပတ် (PV) (Passport for Visit)
အလည်သွားရောက်ရန်အတွက်ဖြစ်ပါသည်။ - သင်္ဘောသား (PS) (Passport for Seaman)
သင်္ဘောပေါ်တွင် အလုပ်လုပ်ရန်အတွက်ဖြစ်ပါသည်။ - စီးပွားရေး (PB) (Passport for Business)
ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍လေ့လာခြင်း၊ အစည်းအဝေးများ တက်ရောက်ခြင်းအတွက်ဖြစ်ပါသည်။ - ပညာရေး (PE) (Passport for Education)
သင်တန်းများ၊ ကျောင်းများတက်ရောက်ရန်အတွက် ဖြစ်ပါသည်။ - အလုပ် (PJ) (Passport for Job)
ကုန်းပေါ်၌အလုပ်လုပ်ရန်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများ ရရှိရန်အတွက်ဖြစ်ပါသည်။ - ဘာသာရေး (PR) (Passport for Religious)
ပြည်ပနိုင်ငံများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ပါသည်။ - မှီခို (PT) (Passport for Dependent)
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူအား မှီခိုနေထိုင်ရန် လိုက်ပါမည့်မိသားစုဝင်များအတွက် ဖြစ်ပါသည်။
လျှောက်ထားသူတွင်ပါရှိရမည့်အထောက်အထားများ
- - နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် မိတ္တူ(၂)စုံ
- - အိမ်ထောင်စုစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
- - အသက်(၁၀)နှစ်အောက်ဖြစ်လျှင် မွေးစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
- - UID နံပါတ်ပါ Smart Card (မူရင်း)နှင့် မိတ္တူ(၂)စုံ
-
သင်္ဘောသားများ
- ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်း လက်မှတ် မူရင်းနှင့် မိတ္တူ(၂)စုံ
- သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ(၂)စုံ -
စီးပွားရေးမနလလျှောက်ထားလိုသူများ
- ကုမ္ပဏီမှတ်ပုံတင်မူရင်းနှင့် မိတ္တူ(၁)စုံ
- ပုံစံ(၆/၂၆)မူရင်းနှင့် မိတ္တူ(၁)စုံ -
ကျောင်း/သင်တန်းများတက်ရောက်လိုသူများ
- သက်ဆိုင်ရာကျောင်း၏ ခေါ်စာမူရင်းနှင့် မိတ္တူ(၁)စုံ
-
ပြည်ပအလုပ်အကိုင်အတွက်လျှောက်ထားလိုသူများ
- အလုပ်သမားများ၏ ပြည်ပ အလုပ်သမား မှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂)
-
မှီခိုလျှောက်ထားလိုသူများ
- နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးကြောင်း ထောက်ခံစာ၊
- လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ -
ရဟန်းသံဃာများ၊ သီလရှင်များ
- သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ(၂)စုံ
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ(၁)စုံ -
နိုင်ငံဝန်ထမ်းများ
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပတွင် ခွင့်ခံစားခွင့် မူရင်းနှင့် မိတ္တူ(၁)စုံ
-
ပြစ်ဒဏ်ကျခံဖူးသူများ
- ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ(၁)စုံ
လျှောက်ထားသူမှစာအုပ်ထုတ်ယူရန် Slip ရရှိပါကစိစစ်ရမည့်အချက်များ
မွေးသက္ကရာဇ် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်
ကျား/မ ရေးသွင်းချက် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန်
မွေးရပ်ဇာတိ မှန်ကန်မှုရှိ/မရှိ တို့အား
Slip ရရှိချိန်တွင် လျှောက်ထားသူကိုယ်တိုင် စိစစ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
ဆရာစံလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း
onlinepassportmm@gmail.com
01 546624